အမြဲတမ်း ကပ်ချွဲနေတတ်တဲ့ 𝗛𝗼𝗻𝗲𝘆 လေး🐾
ဒီတစ်ပတ်ရဲ့𝗕𝗼𝗼𝗯𝗼𝗼’𝘀 𝗣𝗲𝘁 𝗼𝗳 𝘁𝗵𝗲 𝗪𝗲𝗲𝗸 အစီအစဉ်လေးကနေ မိတ်ဆက်ပေးချင်တဲ့ အချစ်တော်မလေးကတော့... နာမည်လေးအတိုင်း ပျားရည်လို ချိုမြိန်ပြီး 𝗟𝗶𝗴𝗵𝘁 𝗕𝗿𝗼𝘄𝗻 ကာလာ အမွှေးပွပွလေးနဲ့ သက်ကြီးလှအပျိုကြီး 𝗣𝗼𝗺𝗲𝗿𝗮𝗻𝗶𝗮𝗻 မလေး 𝗛𝗼𝗻𝗲𝘆ပဲ ဖြစ်ပါတယ်🐾
အသက် (၉) နှစ်အရွယ်ရှိပြီဖြစ်ပြီး ၃ ကီလိုပဲရှိတဲ့ 𝗛𝗼𝗻𝗲𝘆 လေးက မျက်လုံးနက်နက်၊ အပြုံးချိုချိုလေးတွေနဲ့ လူတိုင်းရဲ့အသည်းကို ဖမ်းစားထားတာပါ။ အသက်ကလေး ရလာပေမယ့်လည်း နှလုံးသားတံခါးကိုတော့ အခုထိ သော့ခတ်ထားဆဲ 𝗦𝗶𝗻𝗴𝗹𝗲 လေးပါပဲတဲ့🐶🍯
𝗛𝗼𝗻𝗲𝘆 ရဲ့ အသည်းစွဲ အကြိုက်ဆုံးအရာလေးတွေကတော့ -
* အရုပ်ဆိုရင် 𝗦𝘁𝗶𝘁𝗰𝗵 𝗣𝗹𝘂𝘀𝗵𝗶𝗲 (စတစ်ချ် အမွှေးပွရုပ်)လေးကို အရမ်းကြိုက်တာပါ။
* မုန့်ဆိုရင်တော့ ကြက်သား နဲ့ 𝗖𝗵𝗲𝗲𝘀𝗲 𝗦𝘁𝗶𝗰𝗸𝘀 လေးတွေကိုမှ အသည်းစွဲပဲနော်။
သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးလေးက တကယ့်ကို အချစ်ခံချင်တဲ့ ကလေးလေးပါ။ အရမ်းချစ်ဖို့ကောင်းရုံတင်မကဘဲ အနားမှာ အမြဲတမ်း ကပ်ချွဲနေတတ်တဲ့ မမလေးတစ်ယောက်ပေါ့ဗျာ။
သူ့ရဲ့ ထူးခြားပြီး မြင်ရသူတိုင်း ရင်အေးသွားစေမယ့် 𝗦𝗶𝗴𝗻𝗮𝘁𝘂𝗿𝗲 𝗠𝗼𝘃𝗲 လေးကတော့... ကြည့်လိုက်တိုင်း အပြုံးချိုချိုလေးနဲ့ အရမ်းချစ်ဖို့ကောင်းနေတာပါပဲ။ ဘယ်အချိန်ကြည့်ကြည့် ပြုံးရွှင်နေတတ်တဲ့ သူ့ရဲ့အပြုံးလေးကပဲ လူတိုင်းရဲ့အချစ်ကို ရရှိထားတာပါနော်
📍 𝗦𝗽𝗼𝘁𝘁𝗲𝗱 𝗮𝘁 @ 𝗕𝗼𝗼𝗯𝗼𝗼 𝗥𝗲𝘀𝗲𝗿𝘃𝗲
📣 𝗣𝗲𝘁 𝗼𝗳 𝘁𝗵𝗲 𝗪𝗲𝗲𝗸 အစီအစဉ်မှာ ပါဝင်ဖို့ 𝗕𝗼𝗼𝗯𝗼𝗼 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 ကို ဖြစ်စေ၊ နီးစပ်ရာ ဆိုင်ခွဲက ဝန်ထမ်းတွေကို ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်.. 🤎
𝗕𝗼𝗼𝗯𝗼𝗼 𝗟𝗼𝗰𝗮𝘁𝗶𝗼𝗻𝘀
📍 Booboo Reserve @ MM Plaza / 09-781809139
📍 House of Booboo @ Insein Rd / 09-781927728
📍 Booboo @ San Chaung St / 09-797493390
📍 Booboo @ SweetyHome Tower / 09-761112286
📍 Booboo @ Power House / 09-772605022







Comments