ဉာဏ်ကောင်းပြီး သင်ရလွယ်တဲ့𝗬𝘂𝗸𝗶လေး 🐾
- Jul 8
- 1 min read
ဒီတစ်ပတ်ရဲ့ 𝗕𝗼𝗼𝗯𝗼𝗼’𝘀 𝗣𝗲𝘁 𝗼𝗳 𝘁𝗵𝗲 𝗪𝗲𝗲𝗸 အစီအစဉ်လေးကနေ မိတ်ဆက်ပေးချင်တဲ့ 𝗕𝗮𝗯𝘆 မလေးကတော့... တောက်ပတဲ့ 𝗪𝗵𝗶𝘁𝗲 & 𝗚𝗼𝗹𝗱𝗲𝗻 ကာလာလေးနဲ့ လျှာလေးတစ်လစ်ထုတ်ပြီး အသည်းယားအောင် လုပ်တတ်တဲ့ 𝗦𝗽𝗮𝗻𝗶𝗲𝗹 မလေး 𝗬𝘂𝗸𝗶 ပဲ ဖြစ်ပါတယ်🐾
အသက် (၅) လသားအရွယ်ပဲ ရှိသေးပြီး အရပ် ၁၂ လက်မရှိတဲ့ 𝗬𝘂𝗸𝗶 လေးက မျက်လုံးနက်နက်လေးတွေနဲ့ တကယ့်ကို အပြစ်ကင်းစင်တဲ့ ကောင်မလေးပါ။
ကလေးလေးပဲ ရှိသေးတာမို့ နှလုံးသားရေးရာကတော့ အခုထိ 𝗦𝗶𝗻𝗴𝗹𝗲 လေးပါပဲနော် 🍼✨
𝗬𝘂𝗸𝗶 ရဲ့ အသည်းစွဲ အကြိုက်ဆုံးအရာလေးတွေကတော့ -
* အရုပ်ဆိုရင် ကိုက်လိုက်ရင် အသံမြည်တဲ့ 𝗦𝗾𝘂𝗲𝗲𝘇𝗶𝗻𝗴 𝗬𝗲𝗹𝗹𝗼𝘄 𝗗𝘂𝗰𝗸 (ဘဲဝါလေးရုပ်)ကို အရမ်းကြိုက်တာပါ။
* မုန့်ဆိုရင်တော့ 𝗝𝗲𝗿𝗵𝗶𝗴𝗵 𝘀𝗻𝗮𝗰𝗸𝘀 လေးတွေကိုမှ အသည်းစွဲပဲနော်။
သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးလေးကတော့ တကယ့်ကို လိမ္မာပါးနပ်လွန်းပါတယ်။ သူစိမ်းတွေနဲ့တွေ့ရင် နည်းနည်းတော့ စိမ်းတတ်၊ ရှက်တတ်ပေမယ့် အရမ်းသွက်လက်ပြီး ဉာဏ်လည်းကောင်းတဲ့ သမီးလေးပါ။ အစားလည်း ဂျီးမများတတ်သလို သင်ပေးရင်လည်း နားလည်လွယ်တဲ့ 𝗚𝗲𝗻𝗶𝘂𝘀 မလေးတစ်ယောက်ပေါ့ဗျာ။
သူ့ရဲ့ ထူးခြားတဲ့ 𝗦𝗶𝗴𝗻𝗮𝘁𝘂𝗿𝗲 𝗠𝗼𝘃𝗲 လေးကတော့... အသက် ၅ လသားဆိုပေမယ့် ငြိမ်ငြိမ်လေးမနေဘဲ အရမ်းအဆော့သန်တဲ့ မျောက်မူးလဲလေး ဖြစ်နေတာပါပဲ။
📍 𝗦𝗽𝗼𝘁𝘁𝗲𝗱 𝗮𝘁 @ 𝗕𝗼𝗼𝗯𝗼𝗼 𝗥𝗲𝘀𝗲𝗿𝘃𝗲
📣 𝗣𝗲𝘁 𝗼𝗳 𝘁𝗵𝗲 𝗪𝗲𝗲𝗸 အစီအစဉ်မှာ ပါဝင်ဖို့ 𝗕𝗼𝗼𝗯𝗼𝗼 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 ကို ဖြစ်စေ၊ နီးစပ်ရာ ဆိုင်ခွဲက ဝန်ထမ်းတွေကို ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်.. 🤎
𝗕𝗼𝗼𝗯𝗼𝗼 𝗟𝗼𝗰𝗮𝘁𝗶𝗼𝗻𝘀
📍 Booboo Reserve @ MM Plaza / 09-781809139
📍 House of Booboo @ Insein Rd / 09-781927728
📍 Booboo @ San Chaung St / 09-797493390
📍 Booboo @ SweetyHome Tower / 09-761112286
📍 Booboo @ Power House / 09-772605022







Comments